16, Jun 2025
Content(By Hnin Nandar Myint)

April 6 2025

ခရီးသွားတဲ့အခါ စိတ်လှုပ်ရှားမှုတွေနဲ့အတူ မျှော်လင့်ချက်တွေစုံနေပါတယ်။ ဒါပေမယ့် ကိုယ်သွားမယ့်နေရာနဲ့ မနီး/မဝေးကို ဘယ်လိုသွားရမလဲ၊ ဘယ်လမ်းကိုသွားရမလဲဆိုတာကို မသိရင်တော့ အချိန်ကုန်၊ စိတ်ဖိစီးမှုနဲ့ မသိနိုင်တဲ့အန္တရာယ်တွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ ခရီးသွားတိုင်းအတွက် မြေပုံဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အကောင်းဆုံးအထောက်အကူဖြစ်လာတာပါ။


မြေပုံက သင့်ခရီးသွားမှုကို ဘယ်လိုပြောင်းလဲပေးနိုင်သလဲ?

မြေပုံက တကယ်လို့ နေရာမပြေလျှင် မျှော်မှန်းလမ်းကြောင်းပြပေးနိုင်သလို၊ ကိုယ့်အနေနဲ့လဲ ကိုယ်ရောက်နေတဲ့နေရာဒေသရဲ့ စားသောက်ဆိုင်၊ ပြတိုက်၊ ဟိုတယ် စတဲ့နေရာများကို တိကျတဲ့အချိန်နဲ့အတူ ရောက်ရှိဖို့လည်း အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် အွန်လိုင်းမြေပုံ (Google Maps, Apple Maps စတဲ့) တွေကတော့ ခေတ်သစ်ခရီးသွားတွေအတွက် မဖြစ်မနေဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

ဒီ‌နေရာမှာ နောက်တခုထပ်ဖြည့်ပြီး ပြောချင်တာက ကိုယ်သွားမယ့်နေရာကို အစဉ်မပြတ်ကြည့်နိုင်ဖို့အတွက် offline map တစ်ခုထည့်သိမ်းထားတာကလည်း အရေးကြီးပါတယ်။ တချို့ဒေသတွေမှာ အင်တာနက်မရှိလို့ map မဖွင့်နိုင်တာမျိုးတွေ ဖြစ်တတ်တာမို့၊ မြေပုံသိမ်းထားခြင်းဟာ ခရီးစဉ်မှာ စိတ်ချရမှုတစ်ခုဖြစ်လာပါတယ်။

ကယ် အားလုံးကို အကျဉ်းချုပ်ပြီး ပြန်ပြောရမယ်ဆိုရင်တော့ ခရီးသွားတိုင်းအတွက် မြေပုံက ကိုယ့်ခရီးစဉ်ကို ပိုမိုတိကျအောင်၊ လမ်းမပျောက်အောင် ရှေ့ဆက်ဖို့ အဓိကကျတဲ့ကိရိယာတစ်ခုပါ။ ခရီးသွားတဲ့အခါ၊ excitement တစ်ခုနဲ့တင်မကဘဲ—တိကျ‌သေချာမှုတစ်ခုလည်းလိုတယ်။ အဲဒီတိကျ‌သေချာမှုကို မြေပုံကပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *