Internshipဆင်းခဲ့သောNaw Phaw Bwel Mhoo မှ feedback
ဆရာ ကျေးဇူးအများကြီး တင်ပါတယ်နော်
ရက်ပိုင်းပဲဆိုပေမဲ့ နွေးထွေးပြီး နားလည်ပေးတတ်တာ မြင်ခဲ့ရပါတယ်
ပြီးတော့ 26ရက်နေ့ အစမ်းလာဆင်းကြည့်တဲ့နေ့က ဆရာ့ပုံစံကို တကယ်သဘောကျတာ လူငယ်တွေကို ဦးစားပေးပြီး နားထောင်ပေးပြီး Up to date ဖြစ်နေတာတွေကို လူငယ်တွေနဲ့ အပြိုင် လေ့လာနေတာ
Intern post ကို တွေ့တော့ map တွေထုတ်ပေးတဲ့ service ဆိုတာက အဓိက စိတ်၀င်စားလို့ပါ သမီးတွေးမိတာ နောက်ပိုင်း web ကျွမ်းသွားရင် နယ်ဘက်က လုပ်ငန်းတွေကိုပါ digital ပိုင်းနဲ့ location တိတိကျကျပြပေးနိုင်တဲ့ service တွေ လုပ်ချင်တာပါ
ကျောင်းက online နဲ့ ညနေ ကနေ ညဘက်ထိ တက်ရပြီး သင်တန်းက weekend နှစ်ရက်ပဲမလို့ ကြားမှာ အချိန်တွေ ရှိနေတာနဲ့ ပိုက်ဆံများများ မရရင်တောင် စာလဲလုပ်ရင်း တစ်ဖက်ကလဲ အတွေ့အကြုံယူချင်တာပါ
အကိုလင်းထွတ်ကျော်နဲ့ စကား ပြောကြည့်တော့ သမီးမှာ tech ပိုင်းမှာ လေ့လာဖို့တွေ အများကြီးလို နေသေးတာ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိလို့ပါ
အဲဒါကြောင့် သင်နေတာကိုပဲ အရင်ဆုံးတတ်အောင် ဦးစားပေးဖို့ ပြန်တွေးမိလို့ပါ မဟုတ်ရင် ဟိုဟာနည်းနည်း ဒါနည်းနည်းသိပြီး ဘာလုပ်တတ်လဲဆို ပြစရာမရှိ ဖြစ်မှာစိုးရိမ်လို့ပါ
ပြီးတော့ ဒီချိန်ကကြပ်တည်းနေတဲ့ ကာလမလို့ ကလေးတွေက များများမဟုတ်ရင်တောင် သုံးစရာမုန့်ဖိုးလောက်တော့ လိုချင်ကြတယ်ဆရာ skill မရှိသေးတော့တောင်းဖို့ မရဲကြပေမဲ့ free rider လိုမျိုးတော့ မလုပ်နိုင်တဲ့လူက များမယ်
ဒီအပိုင်းက ပွင့်ပွင့်လင်းလင်း ပြောသင့်တဲ့အပိုင်းလို့ မြင်မိတယ် ဒီလောက်ပေးမယ် ဒါတွေ သင်ပေးမယ် ဒါတော့ ပြန်လုပ်ပေးရမယ်ဆိုတာမျိုး
မဟုတ်ရင်လဲ ဒီအတောအတွင်း ဒါတွေ တတ်အောင် သင်ပေးမယ် ဒါတွေတော့ပြန်ကူပေးရမယ်ဆိုတာမျိုးကို သေချာ ပြောသင့်တယ်လို့ ထင်တယ် ဒါက နောက်ပိုင်း ဆက်ခေါ်မယ့် intern တွေ အတွက် သမီး မြင်မိတာလေး အကြံပေးတာပါ ဆရာ
ရုံးကအစ်မတွေကလဲ သဘောကောင်းတာမြင်ခဲ့ရပြီး ဆရာ့ကိုလဲ ချစ်ကြတာ တွေ့ခဲ့ရတာမလို့ ရက်ပိုင်းပဲ ဆိုပေမဲ့ သင်ပေးခဲ့တာတွေ ပြောပြပေးခဲ့တာတွေအတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ် ဆရာ
သီတင်းကျွတ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ
ဆရာ့ အမေလဲ နေကောင်း ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်🙏
စာရှည်လို့ ပြန်တိုခိုင်းတာကို တွေးမိလို့ စာရှည်ကြီးနဲ့ ကျေးဇူးတင်တာပါ ဆရာ😄🙏
