Canada Day!
Message from Embassy of Canada to Yangon

ကနေဒါသံရုံး – ရန်ကုန်

ဇူလိုင်လ (၁) ရက်၊ ၂၀၂၁

ယနေ့သည် ကနေဒါနေ့ ဖြစ်ပြီး မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ခဲ့သည့် (၇) နှစ်မြောက် နှစ်ပတ်လည် အခါသမယလည်း ဖြစ်ပါသည်။

ကနေဒါနေ့တွင် ကနေဒါနိုင်ငံသားများ အနေဖြင့် ကျွန်ုပ်တို့နိုင်ငံ၏ အနာဂတ်ကို မျှော်လင့်ချက်များဖြင့် တွေးမျှော်ကြည့်ရသကဲ့သို့ အတိတ်ကာလကိုလည်း ပြန်ပြောင်းသတိရကြပါသည်။ ယခုနှစ်တွင် ကျွန်ုပ်တို့သည် ကနေဒါနေ့ကို မူလအခြေချ နေထိုင်သူ အသိုင်းအဝိုင်းများနှင့် အတူတကွ ကုန်ဆုံးကြမည် ဖြစ်ပြီး ကျွန်ုပ်တို့၏ သမိုင်းနှင့် ယဉ်ကျေးမှုများကို ပြန်လည် ဆင်ခြင် သုံးသပ်ကာ ရင်ကြားစေ့ရေး လမ်းကြောင်းကို အတူတကွ လျှောက်လှမ်းသွားကြရန် ထပ်မံ၍ သံန္နိဌာန် ပြုအပ်ပါသည်။ ကနေဒါနိုင်ငံတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း ကျွန်ုပ်တို့ နိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝန်းမှ ပြည်သူများ ခံစားနေရသည့် တန်းတူညီမျှမှု မရှိခြင်းနှင့် အခြားသော စိန်ခေါ်မှုများကို ဖြေရှင်းရန်လည်း လုပ်ဆောင်သွားကြရမည် ဖြစ်သည်။

လူ့အခွင့်အရေး မြှင့်တင်ခြင်းသည် ကနေဒါနိုင်ငံ၏ နိုင်ငံတကာ မူဝါဒများနှင့် ဆက်ဆံရေးများတွင် အဓိကကျသည့် အချက်တစ်ခု ဖြစ်သည်။ ကနေဒါနိုင်ငံသည် ထိခိုက်လွယ်သူများ၏ လိုအပ်ချက်များကို ဆက်လက်၍ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ထောက်ပံ့ရန် ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့်အတူ လက်တွဲကာ လုပ်ဆောင်သွားမည် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ ကနေဒါနိုင်ငံသားများက ကနေဒါနေ့ကို အတူတကွ ကျင်းပကြသည့် အချိန်တွင် မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများတွင် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရန် လုပ်ဆောင်နေကြသူများကိုလည်း မေ့ဖျောက်ထားမည် မဟုတ်ပါ။ ကနေဒါနိုင်ငံသည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းသော၊ အားလုံး ပါဝင်သော၊ ဒီမိုကရေစီ အနာဂတ်ကို ရယူလိုသော ဆန္ဒများနှင့် အတူတကွ ရပ်တည်လျက် ရှိပါသည်။

Embassy of Canada – Yangon

July 1, 2021

Today, the Embassy of Canada recognizes Canada Day, and the seven-year anniversary of Canada’s diplomatic presence in Myanmar.

Canada Day invites Canadians to look toward our country’s future with optimism while acknowledging the past. This year, we will spend Canada Day in solidarity with Indigenous peoples and communities, reflecting on our history and culture, and recommitting to walking the shared path of reconciliation. While Canada has made progress, we must do more to address inequalities and challenges experienced by people across the country, and around the world.

Promoting and advancing human rights is at th e heart of Canada’s international policies and engagement. Canada will continue to respond to the needs of the most vulnerable, and work with our partners to support peace, democracy and human rights.

As Canadians worldwide recognize Canada Day together, we do not forget those working to protect and defend rights and freedoms in other countries, including Myanmar. Canada stands in solidarity with the people of Myanmar and their desire for a peaceful, inclusive and democratic future